FACEBOOK LIKE BOX FOR BLOGGER

Facebook Like Box For Blogger

ဒါက​တော့မိမိကိုယ်ပိုင် Facebook Page ရှိတဲ့သူ​တွေအတွက်ဆိုရင်မမှားပါဘူး။ကိုယ်ပိုင် Facebook Page မရှိတဲ့သူဆိုရင် Facebook Page အရင်ဖွင့်ပါ။ဟုတ်ပြီဒီ Widget ကိုဘယ်မှာသုံးရမှာလဲဘယ်မှာထားရမှာလဲ။ဒါက​တော့မိမိရဲ့ blog site ကိုဝင်​ရောက်ကြည့်ရှုတဲ့သူ​တွေ Facebook Page သို့သွားစရာမလိုပဲဒီမှာတခါတည်း Like လုပ်သွားလို့ရ​အောင်ပြုလုပ်ထားတဲ့ Like Box ​လေးပါ။ Facebook Page ရှိတဲ့သူဆိုရင်​တော့အရင်ဆုံးဒါ​လေးအရင်ပြုလုပ်​ပေးပါ။Facebook Developer Site နဲ့ Link ချိတ်​ပေးထားပါတယ်။အဲဒီ Site မှာအရင်ဆုံး Facebook Like Box အရင်ပြုလုပ်​​​ပေးပါ။ပြုလုပ်ပုံကလဲမခက်ပါဘူး Facebook Developer Site မှာပြုလုပ်​ပေးရမဲ့နည်းလမ်းကို​အောက်မှာပုံနှင့်တကွရှင်းပြထားပါတယ်။


  1. အောက်က Link ကိုနှိပ်ပါ

    https://developers.facebook.com/docs/plugins/page-plugin

  2. အပေါ်က Link ကိုနှိပ်ပြီးသွားရင်အရင်ဆုံးမြင်ရမှာကဒီအဆင့်ပါ။ဒီအဆင့်မှာကထွေထွေထူးထူးဘာမှလုပ်စရာသိပ်မရှိပါဘူး။မိမိရဲ့ Facebook Page ID (or) Facebook Page name ထည့်ပေးလိုက်ပါ။မိမိထည့်ပေးလိုက်တဲ့ ID (or) name နောက်က  /  ထည့်ပေးပါ။အဲနောက်မှာအဲဒါလေးမပါခဲ့ပါက error ပြနေမှာပါ။

  3. Get Code ကိုနှိပ်ပါ။ခဏစောင့်ပေးလိုက်ပါမိမိFacebook Page ကိုရှာနေတာဖြစ်ပါတယ်။
  4. IFrame Code နဲ့ယူချင်ရင် Iframe ကိုနှိပ် (or)JavaScript SDK  Code နဲ့ယူချင်ရင် JavaScript SDK ကိုနှိပ်။မိမိကြိုက်နှစ်သက်တဲ့ Code ကို copy ယူ၍အဆင်​ပြေမဲ့​နေရာမှာခဏမှတ်သားထားပါ။Facebook Like Box Code ရလာပြီဆို​တော့မိမိထည့်သွင်းအသုံးပြုမဲ့ Blog Site သို့ပြန်သွားပါ။


မိမိထည့်သွင်းအသုံးပြုရမဲ့ Blog Site မှာအောက်ကအဆင့်အတိုင်းပြုလုပ်၍ထည့်သွင်းအသုံးပြုနိုင်ပါသည်
  1. မိမိ blogsite ကို account အရင်ဝင်ပါ
  2. dashboard ထဲက Layout ကိုနှိပ်ပါ
  3. Add a Gadget ကိုနှိပ်ပါ
  4. HTML/JavaScript ကိုနှိပ်
  5. ပေါ်လာတဲ့ box အကွက်ကြီးထဲမှာခုနကရလာတဲ့ facebook like box code တွေထည့်ပေးပါ။
  6. width တွေ height တွေကိုမိမိ blog site အနေအထားနဲ့လိုသလိုချိန်ညှိနိုင်ပါတယ်။
  7. save ကိုနှိပ်ပြီးပါပြီ။

အပေါ် သို့မဟုတ်(or) အောက်

ဒါကတော့ကျွန်တော်ရဲ့ Facebook Page Like Box Code ပါ။မိတ်ဆွေတို့အနေနဲ့အပေါ်ကအဆင့်တွေအတိုင်း Facebook Developer Site မှာကိုယ်တိုင်သွားရောက်ပြုလုပ်လို့လဲရပါတယ်။အခုကျွန်တော်ပြုလုပ်ထားတဲ့ Code ပဲသုံးမယ်ဆိုလဲရပါတယ်။

<iframe src="https://www.facebook.com/plugins/page.php?href=https%3A%2F%2Fwww.facebook.com%2F 108140433933376%2F&tabs=timeline&width=222&height=500&small_header=false&adapt_container_width=true&hide_cover=false&show_facepile=true&appId" width="222" height="500" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allow="encrypted-media"></iframe>

မိတ်ဆွေတို့အနေနဲ့ကျွန်တော်ပြုလုပ်ထားပြီးသား Code ပဲသုံးမယ်ဆိုရင်တော့အောက်ကပြထားတဲ့နေရာမှာပြောင်းပေးရုံပါပဲ

108140433933376

အဲဒီဂဏန်း (15 ) လုံးရဲ့နေရာမှာမိမိရဲ့ Page ID (or) Page name ပြောင်းထည့်ပေးပါ

Post a Comment