Zawgyi and Unicode font change widget
ဒါကတော့ Blog မှာစာသားများကို zawgyi နဲ့ unicode ပြောင်းလဲကြည့်ရှုနိုင်ရန်ပြုလုပ်ထားသော widget လေးြဖစ်ပါတယ်။အခုအခါကကြားကာလလေးပေါ့ဗျာ zawgyi သုံးတဲ့သူရှိသလို unicode သုံးတဲ့သူတွေပါရှိလာနေပြီဖြစ်တဲ့အတွက်အဆင်ပြေစေမဲ့ widget လေးပါ။Blog မှာဒီ widget လေးထည့်ထားခြင်းအားဖြင့် font ပြသနာကိုအလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။မိမိ BLOG SITE ကိုလာရောက်လည်ပတ်တဲ့သူတွေအတွက်စာသားများကိုမြင်ရဖတ်ရတာတွေလဲအဆင်ပြေစေမဲ့ widget ဆိုရင်လဲမမှားပါဘူး။မိတ်ဆွေတို့လဲစမ်းသုံးကြည့်ချင်ရင်သုံးလို့ရအောင်အောက်မှာ code တွေပေးထားပါတယ်
အခုနောက်ပိုင်း unicode font တွေအသုံးများလာပါတယ်။zawgyi သုံးတဲ့သူတွေရှိသလို unicode သုံးတဲ့သူတွေရှိတဲ့အတွက်ကြောင့် Blog မိတ်ဆွေတွေအတွက်မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။အခုလိုကြားကာလလေးမှာ widget လေးကိုထည့်ထားခြင်းအားဖြင့်အဆင်ပြေသွားမှာဖြစ်ပါတယ်။
- မိမိ blogsite ကို account အရင်ဝင်ပါ
- dashboardထဲက Theme ကိုနှိပ်
- Edit HTML ကိုနှိပ်
- </body> ရှာတွေ့ရင်အောက်က code ကို copy ယူ၍အဲဒီ </body> အပေါ်ကကပ်လျက်ထည့်ပါ
- save ကိုနှိပ်ပြီးပါပြီ။
<script src='https://cdn.jsdelivr.net/gh/kokhinmaungwin/zawgyi-and-unicode-font-change/zawgyi-unicode.js'></script>
