How To Install Kali NetHunter (Rootless) on Any Android Phone Using Termux
ဒီ tutorial မှာ Android phone များတွင် Kali NetHunter (Rootless) ကို Termux အသုံးပြုပြီး root မလိုဘဲ install လုပ်နည်းကို step-by-step ဖော်ပြပေးသွားပါမယ်။ Kali NetHunter သည် penetration testing နှင့် security research အတွက် အသုံးပြုနိုင်သော Kali Linux based platform ဖြစ်ပြီး Android device များအတွက် specially ပြုလုပ်ထားတာဖြစ်ပါတယ်။
Kali NetHunter သည် Offensive Security မှ ဖန်တီးထားသော Kali Linux အတွက် Android platform version ဖြစ်ပြီး၊အသေးစိတ်နဲ့ နောက်ဆုံး update များအတွက် Official Kali NetHunter Website နှင့် GitHub Repository ကိုလည်းသွားရောက် ကြည့်ရှုနိုင်ပါသည်။
- NetHunter Rootless Documentation
- Official Kali NetHunter Website
- Kali NetHunter GitHub Wiki (Community Guides & Tips)
- Kali NetHunter Build Scripts (GitLab)
Kali NetHunter သည် Android device များတွင် အသုံးပြုနိုင်အောင် ပြုလုပ်ထားသော Kali Linux environment ဖြစ်ပါတယ်။
NetHunter အမျိုးအစားများ
Kali NetHunter သည် အသုံးပြုနိုင်သည့် ပုံစံ (Edition) အမျိုးမျိုးရှိပါသည်။
- NetHunter Rootless (Termux)
- Root မလိုအပ်ပါ
- Android ဖုန်းအများစုတွင် အသုံးပြုနိုင်ပါသည်
- Termux ကို အသုံးပြု၍ Install လုပ်ရပါသည်
- NetHunter Lite
- Root လိုအပ်ပါသည်
- Limited feature များသာ ပါဝင်ပါသည်
- Kernel-level features မပါဝင်ပါ
- NetHunter (Root + Custom Kernel)
- Root + Custom Kernel လိုအပ်ပါသည်
- Full NetHunter feature များ ပါဝင်ပါသည်
- Monitor mode, HID attacks စသည့် advanced features များ အသုံးပြုနိုင်ပါသည်
- Device compatibility အရေးကြီးပါသည်
ဒီ Tutorial တွင် အသုံးပြုထားသော Version ဖြစ်ပါသည်
📌 Author ကိုယ်တိုင် စမ်းသပ်ပြီးမှ ရေးသားထားပါသည်
Beginner များအတွက် အထူးအကြံပြုပါသည်
ဒီ Tutorial တွင် မဖော်ပြထားပါ
📌 ကိုယ်တိုင် စမ်းသပ်ပြီးနောက် Update အဖြစ် ထပ်မံဖော်ပြသွားပါမည်
Advanced users များအတွက်သာ သင့်တော်ပါသည်
📌 ကိုယ်တိုင် စမ်းသပ်ပြီးနောက် သီးသန့် Tutorial အဖြစ် ထပ်မံဖော်ပြသွားပါမည်
Supported / Not Supported Devices
✅ Supported
- Android phones (ARM / ARM64)
- Android version 5.0 နှင့်အထက်
❌ Not Supported
- iPhone / iPad (ISO boot မရ)
- Windows / macOS PC (ISO အတွက် Kali Linux သုံးရမည်)
iPhone နှင့် iPad များသည် ISO boot ကို support မလုပ်သောကြောင့် Kali Linux ISO သို့မဟုတ် Kali NetHunter ကို ထည့်သွင်းအသုံးပြု၍ မရနိုင်ပါ။
အဆင်ပြေတဲ့ Kali NetHunter installation နှင့် usage အတွက်အစစ်အမှန် resource များကို Official Website နှင့် GitHub Repo မှ ဆက်လက်လေ့လာနိုင်ပါတယ်။
Installation မစတင်ခင် မိမိ Android device တွင် အောက်ပါအချက်အလက်များရှိရပါမည်။
- Android version → 5.0 +
- RAM → 2 GB(အနည်းဆုံး)
- Phone Storage → 16 GB(အကြံပြု)
- CPU → ARM / ARM64
- Internet / WiFi connection
- Termux application
Termux application ကို Google Play Store မှ မရနိုင်ပါက official source မှ download လုပ်ရန် အကြံပြုပါသည်။
Install Kali NetHunter (Rootless) on Termux
Termux application ကိုဖွင့်ပြီး အောက်ပါ command များကို အစဉ်လိုက် run ပေးပါ။
# Update packages
pkg update && pkg upgrade
# Install wget
pkg install wget
# Download NetHunter installer
wget -O install-nethunter-termux https://offs.ec/2MceZWr
# Give execute permission
chmod +x install-nethunter-termux
# Run installer
./install-nethunter-termux
အောက်မှာတစ်ဆင့်စီ step-by-step screen shot ဖြင့်ရှင်းပြလုပ်ဆောင်ပြထားသည်။
- Termux application အားဖွင့်ပါ။အောက်က command အားထည့်ပါ။
pkg update && pkg upgrade
enter ကိုနှိပ်
[Y/n] y
enter ကိုနှိပ်
- package file များအားအလွယ်တကူ download ပြုလုပ်နိုင်ရန်အ ထောက်အပံ့ ပေး သော အောက်က command အားထည့်ပါ။
pkg install wget
enter ကိုနှိပ်
[Y/n] y
enter ကိုနှိပ်
- Kali nethunter ကို download လုပ်ရန်အောက်က command အားထည့်ပါ။
wget -O install-nethunter-termux https://offs.ec/2MceZWr
enter ကိုနှိပ်
- kali nethunter download လုပ်ထားတာရှိမရှိကိုစစ်ပါ။
ls
enter ကိုနှိပ်
- kali nethunter ကို install လုပ်ရန် mode ကိုချိန်းပါ
chmod +x install-nethunter-termux
enter ကိုနှိပ်
- mode ပြောင်းမပြောင်းစစ်ပါ
ls
enter ကိုနှိပ်
- အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အောက်က command ဖြင့် Kali nethunter ကို install လုပ်ပါ။
./install-nethunter-termux
enter ကိုနှိပ်
enter ကိုနှိပ်
- Installation process သည် internet speed ပေါ်မူတည်ပြီး 30–40 မိနစ်ခန့် ကြာနိုင်ပါသည်။internet connection ပေါ်မူတည်၍ဒီထက်လဲကြာနိုင်သည်။ပြီးဆုံးတဲ့အထိစောင့်ပါ။
- install လုပ်ပြီးသား file များကိုပြန် ဖြေနေ သော ကြောင့်အနည်းငယ် စောင့်ရမည်။အနည်းဆုံး 8 မိနစ်ကြာနိုင်သည်။ဒီထက်လဲကြာနိုင်သည်။
Installer မှ file များကို ဖျက်မလားမေးပါက y ကိုရွေးနိုင်ပါသည်။
[y/N] y
enter ကိုနှိပ်
Installation ပြီးဆုံးပါက အောက်ပါ command ဖြင့် Kali NetHunter ကို စတင်အသုံးပြုနိုင်ပါသည်။
nh (or) nethunter
enter ကိုနှိပ်
- အကယ်၍ Root user အဖြစ်ဝင်လိုပါကအောက်က command ဖြင့်ဝင်ပါ
sudo su
enter ကိုနှိပ်
[sudo] password for kali : kali
enter ကိုနှိပ်
Default password သည် kali ဖြစ်ပါသည်။ Security အတွက် install ပြီးပါက password ကို ပြောင်းရန် အကြံပြုပါသည်။
- ပြန်ထွက်ချင်ရင်
exitကိုရေး (enter) ကိုနှိပ်၍ထွက်ပါ။ဝင်ရောက်ထားတဲ့အဆင့်ဆင့်ပေါ်မူတည်၍exitနဲ့ထွက်ပါ
အခုအတိုင်း Termux မှာ Command Line ဖြင့်အသုံးပြုနိုင်သလို Desktop (GUI) အနေနဲ့အသုံးပြုချင်ပါက VNC Viewer ကို အသုံးပြုနိုင်ပါသည်။
GUI (Graphical User Interface) အနေနဲ့အသုံးပြုချင်ရင် VNC viewer application တစ်ခုလိုအပ်ပါသည်။google play store တွင် VNC viewer application အား download လုပ်ပါ။ကျွန်တော်က တော့အခု Real VNC viewer application နဲ့ပြုလုပ်ပြပါမယ်။မိမိကြိုက်နှစ်သက်တဲ့ VNC viewer application ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။VNC viewer application ရှိနေပြီဆိုရင် Termux application တွင်အောက်က command များအတိုင်းသတ်မှတ်၍အသုံးပြုနိုင်ပါသည်။
- kex password သတ်မှတ်ပါ
nethunter kex passwd
enter ကိုနှိပ်
- Password :
xxxxxxx(မိမိစိတ်ကြိုက်သတ်မှတ်ပါ) - Verify :
xxxxxxx(မိမိသတ်မှတ်ထားတဲ့ password ပြန်ထည့်ပါ
enter ကိုနှိပ်
enter ကိုနှိပ်
- view-only password အ နေနဲ့အသုံးပြုမှာလား
[y/n] n
enter ကိုနှိပ်
- VNC viewer application နဲ့ချိတ်ဆက်ရန် အောက်က command ဖြင့်ချိတ်ဆက်ပါ။
nethunter kex start နှင့် nethunter kex & အကြား ကွာခြားချက်
NetHunter GUI (KeX) ကို စတင်ရာတွင် အသုံးများသော command နှစ်ခုရှိပါသည်။
✅ nethunter kex start (Beginner များအတွက် အကြံပြု)
nethunter kex start
- NetHunter GUI ကို ပုံမှန်အတိုင်း စတင်ပေးပါသည်
- Process သည် Terminal မျက်နှာပြင်ပေါ်တွင်ပဲ run နေပါသည်
- Error / status message များကို တိုက်ရိုက်မြင်နိုင် ပါသည်
Beginner များ၊ ပထမဆုံးအသုံးပြုသူများအတွက် အကြံပြုပါသည်
nethunter kex & (Advanced Users များအတွက်)
nethunter kex &
- NetHunter GUI ကို background (နောက်ခံ) မှာ run လုပ်ပေးပါသည်
- Terminal ကို ပြန်လည်အသုံးပြုနိုင်ပါသည် Error ဖြစ်ပါက မမြင်လွယ်ပါ
Linux / Terminal ကို ကျွမ်းကျင်ပြီးသားသူများအတွက်သာ သင့်တော်ပါသည်
အကြံပြုချက်
Beginner အသုံးပြုသူများအနေဖြင့် nethunter kex start ကိုသာ အသုံးပြုရန် အကြံပြုပါသည်
nethunter kex & သည် advanced usage အတွက်သာ အသုံးပြုသင့်ပါသည်။
enter ကိုနှိပ်
- အောက်ကလို ပေါ်ပြီဆိုရင် Home key ဖြင့်ပြန်ထွက်ပါ။ဒီနေရာမှာ setup ဖြစ်နေမှသာလျှင် VNC viewer application ဖြင့်ချိတ်ဆက်၍ရနိုင်ပါသည်။port number ကိုမှတ်သားထားပါ vnc viewer applicationတွင်ထည့်သွင်းအသုံးပြုရမည်ဖြစ်သည်။
- VNC viewer application ကိုဖွင့်ပါ။အောက်ကပြထားတဲ့အတိုင်းထည့်သွင်း ပေးပါ
- ➕ icon ကိုနှိပ်ပါ
- Address နေရာတွင်
localhost:5901ရေးထည့်ပါ - Name နေရာမှာ တော့ကြိုက်နှစ်သက်ရာ ရေးပါ
CREATEကိုနှိပ်- Picture quality မှာ
Highကိုရွေးပါ CONNECTကိုနှိပ်ပါOKကိုနှိပ်ပါ- Password နေရာတွင် termux တွင်မိမိသတ်မှတ်ထား သော
passwordထည့်ပေးပါ - နောက်ပိုင်း Connect ပြန်လုပ်ရင် Password ထပ်ထည့်စရာမလို အောင် Remember Password ကို
ONထားပေးပါ CONTINUEကိုနှိပ်ပါ
ပုံမှန် VNC Port သည် 5901 ဖြစ်ပါသည်။Termux တွင် ပြသထားသော Port number အတိုင်း ချိတ်ဆက်ပါ။
VNC Controls (အသုံးပြုပုံအကျဉ်း)
VNC Viewer application ကို အသုံးပြုရာတွင် Android touch ကို Linux Desktop ၏ mouse နှင့် keyboard အနေနဲ့ အသုံးပြုထားပါတယ်။🖱️ Mouse Controls
- တစ်ချက်နှိပ် (Tap) → Mouse Left Click
- နှစ်ချက်နှိပ် (Double Tap) → Double Click
- တစ်ချက်နှိပ်ပြီး ဖိထား (Tap & Hold) → Mouse Right Click
- ဖိထားပြီး ဆွဲရွှေ့ (Drag) → Window ရွှေ့ခြင်း / Text select
Screen ပေါ်တွင် မြင်ရသော မြှားပုံလေးသည် mouse cursor ဖြစ်ပြီး finger ဖြင့် ဘယ်ညာ အပေါ်အောက် ရွှေ့လျားနိုင်ပါသည်။
Scroll Controls
- လက်နှစ်ချောင်းဖြင့် အပေါ်အောက် ဆွဲ → Scroll Up / Down
- လက်နှစ်ချောင်းဖြင့် ဘယ်ညာ ဆွဲ → Horizontal Scroll
Keyboard အသုံးပြုနည်း
- Text ရိုက်ရန် → Keyboard icon ကိုနှိပ်ပါ
- Terminal / Application များတွင် command ရိုက်နိုင်ပါသည်
terminal ထဲတွင် အောက်ကလိုစမ်းသပ်အသုံးပြုကြည့်ပါ
အသုံးမပြု တော့ရင် VNC Viewer အပေါ်ဘက် menu ကိုနှိပ်ပြီး Disconnect ကိုရွေးပါ။ထိုနောက် Termux application မှာလဲအောက်က command ဖြင့် Kali NetHunter ကိုပြန်ပိတ်ပါ။
nethunter kex stop
enter ကိုနှိပ်
exit ကိုရေးထည့်
Termux က ထွက်ချင်ရင် exit ရေးထည့်၍ထွက်ပါ။ပြီးပါပြီ။ယခုအတိုင်း Android Phone များတွင် Kali NetHunter (Rootless) ကို Command Line နှင့် GUI နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ပါပြီ။နောက်ပိုင်းတွင် Kali NetHunter Tools များအကြောင်းကို ဆက်လက်မျှဝေပေးသွားပါမည်။ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

















